‌အသင်းဝင်ရောက်ရန်အရည်အချင်းသတ်မှတ်ချက်များ

(က)      မြန်မာနိုင်ငံကုမ္ပဏီများ  ဥပဒေ ပုဒ်မ ၄၂ အရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းအလိုက်နှင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဖွဲ့စည်းထားသော အသင်းများ၊ အသင်းချုပ်က ဦးဆောင်ဖွဲ့စည်းထားသော သို့မဟုတ် အသိအမှတ်ပြုသော တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ကုန်သည်စက်မှုအသင်းများ၊ နယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းများ၊

(ခ)        တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုအဆင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ။

(ဂ)        တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ တရားဝင်မှတ်ပုံတင် ထားသော တစ်ဦးတည်းပိုင် လုပ်ငန်းများ၊ ကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းများ၊ အစုစပ်လုပ်ငန်းများ၊ သမဝါယမ အသင်းများ၊ ကုန်စည်ဒိုင်များ။

(ဃ)      မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီရုံးခွဲများ၊ အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ ကုန်သည် အသင်းများ။

(င)        စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ၊ အသိပညာရှင်၊ အတက်ပညာရှင် မြန်မာနိုင်ငံသားများ။

(စ)        စီးပွားရေးလုပ်ငန်းရပ်တစ်ခုခုကို လုပ်ဆောင်ရန် တရားဝင် မှတ်ပုံတင်ထားသည့် လုပ်ငန်း/အသင်း/ အဖွဲ့/ ကုမ္ပဏီ တစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိက တစ်ဦးချင်း မြန်မာနိုင်ငံသားများ။

(ဆ)      အသင်းသားအဖြစ် လျှောက်ထားသူသည် ဥပဒေအရလူမွဲအဖြစ်လည်းကောင်း၊ အမည်ပျက်စာရင်းဝင် (Black List) အဖြစ်လည်းကောင်း ကြေညာခံရသည့် အသင်းအဖွဲ့/ပုဂ္ဂိုလ် မဖြစ်စေရ။

(ဇ)       အသင်းသားအဖြစ် လျှောက်ထားသူသည် တသီးပုဂ္ဂလတစ်ဦးချင်းဖြစ်ပါက-

(၁)        အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(၂)        စိတ်ပေါ့သွပ် ရူးနှမ်းသူမဖြစ်စေရ။

(၃)       သာသနာ့ဘောင်သို့အပြီးဝင်ရောက်သွားသူမဖြစ်စေရ။ 

(၄)        အကျင့်စာရိတ္တ ပျက်ပြားခြင်း (Moral Turpitude) အကျုံးဝင်သည့် ပြစ်မှုကျုးလွန်၍ ရုံးတော်က ပြစ်ဒဏ် ချမှတ်ခံထားရသူ မဖြစ်စေရ။

 

အသေးစိတ်စုံစမ်းလိုပါက -

အသင်းသားရေးရာဌာန ဖုန်း 01-2314344~2314349 (Ext.131, 412) ,09-450200350, 09-450200340

Back